Ngu War Thein

Ngu War Thein

”မင်္ဂလာပါရှင် IH Mandalayမှာ intermediate levelကိုတက်ရောက်နေတဲ့ကျောင်းသူဖြစ်ပါတယ်။ အတန်းမအပ်ခင် Review တွေလိုက်ဖတ်ခဲ့ကြည့်တုန်းက “အတန်းထဲမှာActivity တွေ လုပ်ရတာပျော်ဖို့ကောင်းတယ်။ အတန်းချိန်ပြီးသွားမှာတောင် နှမြောတယ်” ဆိုပြီးခဏခဏမြင်ခဲ့ဖူးပါတယ်။ အစကတော့ အဲ့လောက်ဖြစ်နိုင်ပါ့မလားဆိုပြီး သံသယရှိခဲ့ဖူးပင်မယ့် ပထမရက်တက်ပြီးတာနဲ့ လုံး၀ကိုယုံသွားတယ်။


ကိုယ်ကIntrovertမို့ ဘယ်နေရာသွားသွား၊ ဘာသင်တန်းတက်တက် သူငယ်ချင်းမရဘဲ အမြဲတစ်ယောက်တည်း ဖြစ်လေ့ရှိတယ်။ ဒါပေမယ့် ဒီအတန်းမှာစတက်တဲ့နေ့ကတည်းက Teacher ကအတန်းသူ/သား တွေအားလုံးကို တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးအောင် မိတ်ဆက်ပေးတယ်။ ပြီးတော့ အတန်းထဲမှာအမြဲ group activity/pair activity တွေလုပ်တိုင်း မတူတဲ့လူတွေနဲ့ groupဖွဲ့ပေးလို့ နောက်ပိုင်းတစ်ခန်းလုံးနဲ့ ရင်းနှီးလာတယ်။


Activity တွေကလည်း အမြဲစိတ်ဝင်စားဖို့ကောင်းတယ်။ Gameတွေဆော့ရတာလည်း ပျော်ဖို့ကောင်းတယ်။ သင်ကြားမှုပုံစံကလည်း အရမ်းမနှေး၊အရမ်းမမြန်နဲ့မလို့ အလုပ်တစ်ဖက်နဲ့တောင် တစ်ရက်စာတစ်ရက်လိုက်လုပ်ဖို့ အဆင်ပြေတယ်ရှင့်။ အတန်းထဲမှာEngလိုပဲdiscussionလုပ်ပြီး English လိုပဲပြောရတော့ speakingလေ့ကျင့်ဖို့ environmentတစ်ခုရလိုက်သလိုပဲရှင့်။ သင်တန်းလာရတာ ပျော်ဖို့ကောင်းပြီး ဖြစ်နိုင်ရင် တစ်ပတ်လုံးအပြည့်တောင် လာတက်ချင်ပါတယ်။”