ဒီတစ်ခါ အပေါ်ကထပ်ဝတ်တဲ့ outerwear တွေကို ပြောချင်ပါတယ်။ outerwear အထူကြီးတွေက ရာသီဥတု ပူတဲ့ မြန်မာနိုင်ငံမှာ အဝတ်နည်းတာမို့ မထူမပါး ဒီမှာလည်း အဝတ်များတဲ့ outerwear ပေါ့ပေါ့ပါးပါး လေးတွေရဲ့ အခေါ်အဝေါ်ကို မျှဝေပေးချင်ပါတယ်။
(၁) House coatဒါကတော့ အိမ်နေဝတ် coat အရှည်ကို ပြောတာပါ။ များသောအားဖြင့် ချည်သားနဲ့ချုပ်လေ့ရှိပြီး အေးတဲ့ရာသီမှာဆိုရင်တော့ ဂွမ်းသားနဲ့ ချုပ်လေ့ရှိပါတယ်။ အမျိုးသမီးတွေ အဝတ်များပြီး တစ်ခါတစ်ရံအမျိုးသားတွေလည်းဝတ်ပါတယ်။
(၂) Cardiganမြန်မာလူမျိုးတွေ အဝတ်များတဲ့ ချည်သားအပျော့ (သို့မဟုတ်) ဆွယ်တာသားနဲ့ ချုပ်လေ့ရှိတဲ့ အပေါ်ဝတ် အနွေးထည်အပါးအပျော့လးတွေကို cardigan လို့ခေါ်ပါတယ်။ cardigan တွေမှာ ကော်လာပါလေ့တော့မရှိပါဘူး။
(၃) JacketJacket တွေက cardigan တို့ sweater တို့ ထက် အသားက ပိုမာတယ်။ ပြီးတော့ cardigan တို့ sweater တို့လို ပျော့ပျော့ပျောင်းပျောင်းမဟုတ်ဘဲ ကိုယ်ပေါ်မှာပိုပြီးပုံစံကျတဲ့ အပေါ်ဝတ်မျိုးကိုခေါ်ပါတယ်။ jacket တွေကိုများသောအားဖြင့် ဂျင်းသား၊ leather၊ သိုးမွေး၊ ဖလန်နယ်သား စသည်တို့နဲ့ ချုပ်လေ့ရှိပါတယ်။
(၄) Bomber JacketBomber jacket က ခါးနဲ့ လက်ကောက်ဝတ်မှာ အစည်းလေးပါပြီး ရှေ့ကွဲ ဇစ်ဆွဲရတဲ့ jacket မျိုးကိုခေါ်တာပါ။ အရှည်က ခါးအတိပဲ ရှိရပါတယ်။ bomber jacketက ၂၀၁၇ ရဲ့ popular အဖြစ်ဆုံး outerwear အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ခေါင်းစွပ်ပါတဲ့ အင်္ကျီတွေကို Hoody လို့ခေါ်ပါတယ်။ ခေါင်းစွပ်ကိုတော့ hood လို့ခေါ်ပါတယ်။ Hoody တွေကို များသောအားဖြင့်တော့ outer wear အနေနဲ့ပဲ ဝတ်ကြပါတယ်။
