အနောက်တိုင်း dress code လေးတွေမျှဝေပေးချင်ပါတယ်။
နိုင်ငံတကာလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်တဲ့အခါ၊ နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ သွားတဲ့အခါ သင့်တော်တဲ့ dress code မျိုးကို ရွေးချယ်ဝတ်တတ်ဖို့လိုပါတယ်။ တချို့ နိုင်ငံတကာပွဲ တွေမှာဆို ဘယ်လို dress code မျိုးနဲ့ လာပါဆိုပြီး ဖိတ်စာမှာကတည်းက ဖော်ပြလေ့ရှိပါတယ်။ လုပ်ငန်းခွင်မှာ မိမိရဲ့ dress code က မိမိရဲ့ professional image သာမက မိမိ အဖွဲ့အစည်းရဲ့ organizational image ကိုလည်း ကိုယ်စားပြုနေပါတာမို့ အရေးကြီးပါတယ်။ခေတ်ကာလနဲ့ နိုင်ငံအပေါ်မူတည်ပြီး dress code အမျိုးအစားတွေ ပြောင်းလဲမှု ရှိပါတယ်။ ဒီမှာတော့ လက်ရှိနိုင်ငံတကာမှာ အသုံးများတဲ့ dress code အမျိုးအစားလေးတွေကို ဗဟုသုတအဖြစ် ဖော်ပြပေးထားပါတယ်။
(၁) Business – formalသန့်ပြန့်ကျော့ရှင်းပြီး အပေါ်နဲ့အောက် လိုက်ဖက်ညီမှု အပြည့်ရှိရပါမယ်။ အမျိုးသားတွေအတွက်ဆို ကြယ်သီးစေ့တပ်၊ jacket၊ tie၊ စသဖြင့် ဝတ်စုံပြည့် suit မျိုးကို ဆိုလိုပြီး အမျိုးသမီးတွေအတွက်ဆို ဒူးအတိ အရှည်ရှိတဲ့ စကတ် (သို့မဟုတ်) ဘောင်းဘီရှည်၊ ထိပ်ပိတ် လေဒီရှုး၊ jacket စသည်တို့ပါရပါတယ်။ အရောင်အရမ်းတောက်တဲ့ အဝတ်အစားမျိုးကို တော့ ရှောင်ကျဉ်ရပါတယ်။ ဒီလို dress code မျိုးက များသောအားဖြင့် corporate meeting အချို့နဲ့ နိုင်ငံတော်အဆင့် အခမ်းအနားအချို့မှာပဲ ဝတ်ဆင်လေ့ရှိပါတယ်။ အရမ်း formal ဖြစ်နေတာမို့ သူ့အချိန်မဟုတ်ဘဲ ဝတ်လို့လည်း မသင့်တော်ပါဘူး။
(၂) Businessဒီလို dress code မျိုးကို informal attire လို့လည်း ခေါ်ပါတယ်။ သူက သက်တောင့်သက်တာလည်း ရှိပြီး professional ဆန်တဲ့ပုံစံမျိုးလည်း သက်ရောက်ပါတယ်။ အမျိုးသားများဆိုရင် jacket နဲ့ tie ကို တစ်ခုမဟုတ် တစ်ခု ဝတ်လို့ရပါတယ်။ ၂ ခုလုံးမဖြစ်မနေ တွဲဝတ်စရာမလိုပါဘူး။ Jacket ဝတ်ရင်လည်း ကြယ်သီးလုံးဝမတပ်ဘဲ ဝတ်လို့ ရပါတယ်။ အမျိုးသမီးများဆိုလည်း ဒူးအတိလောက် အရှည်ရှိတဲ့ စကပ်မျိုးဝတ်ရပါတယ်။ jacket ဝတ်မယ်ဆိုရင် အမျိုးသားများလိုပါပဲ ကြယ်သီးလုံးဝမတပ်ဘဲ ဝတ်လို့ရပါတယ်။ ဖိနပ်ကတော့ မနိမ့်မမြင့် လေဒီရှုး ထိပ်ပိတ် ဝတ်ရပြီး ခြေအိတ်ရှည်ကိုတော့ အရမ်းအေးတဲ့ ရာသီဥတုများမှ အပ ဝတ်လေ့မရှိပါဘူး။ ဒီလို dress code မျိုးကတော့ business event များ၊ interview များ၊ meeting များမှာ အတွေ့ရအများဆုံး dress code မျိုးပါ။
(၃) Business – Casualဒီလို dress code မျိုးကတော့ နေ့စဉ် လုပ်ငန်းခွင်မှာ ဝတ်ကြတာများပါတယ်။ အရမ်းလည်း formal ဖြစ်မနေသလို ထသွားထလာပုံစံလည်း ဖြစ်လို့ မရပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိပြီး စမတ်ကျတဲ့ ပုံစံမျိုးဖြစ်ရပါမယ်။ ထသွားထလာ အဝတ်အစားဆန်တဲ့ jeans၊ sneakers၊ t-shirt၊ sweat shirt တို့ဝတ်လို့ မရပါဘူး။ polo shirt လက်တို၊ ကော်လာပါတဲ့ ရှပ်အကျီၤလက်ရှည်၊ ခါးမတိုမရှည် ဘလောက်စ်အကျီၤ၊ ဘောင်းဘီရှည်၊ ဒူးအတိ စကပ်အတို တို့ ဝတ်လို့ ရပါတယ်။ အရမ်း formal ဆန်တဲ့ tie လိုမျိုးတော့ ဝတ်လေ့မရှိပါဘူး။ ဝတ်ရင်လည်း နည်းနည်းရယ်စရာ ဖြစ်နေတတ်ပါတယ်။
(၄) Smart CasualSmart casual ဆိုတာတော့ နားလည်လွယ်အောင် ပြောရရင် နည်းနည်း သားသားနားနား ဝတ်ရတဲ့ ပုံစံလို့ပဲ ပြောချင်ပါတယ်။ casual လို အရမ်းထသွားထလာ မဆန်သလို business casual လို ရုံးတက်ဖက်ရှင် ဖြစ်ဖို့လည်းမလိုပါဘူး။ သူ့အတွက် သီးသန့်သတ်မှတ်ထားတဲ့ အဝတ်အစားမရှိပေမယ့် အစုတ်အပြဲတွေမပါတဲ့ jeans မျိုးဆိုလည်း လက်ခံလို့ရပါတယ်။ t-shirt တော့ သိပ်ဝတ်လေ့မရှိပေမယ့် polo-shirt တော့ ဝတ်လို့ရပါတယ်။ အလွယ်တကူ jacket လေး ကောက်ဝတ်လို့ရပေမယ့် tie တော့ မချည်ပါဘူး။ အမျိုးသမီးတွေဆိုလည်း သားသားနားနား dress လေး ကောက်ဝတ်လို့ ရသလို ဘောင်းဘီရှည်နဲ့ blouse လက်ရှည်လေး ဝတ်လည်း smart ဖြစ်ပြီး ဝတ်တဲ့သူလဲ သက်တောင့်သက်သာ ရှိတယ်ဆို ရပါတယ်။
(၅) Casualမြန်မာလို တိုက်ရိုက်ဘာသာပြန်ရမယ့်ဆိုရင်တော့ ထသွားထလာ အဝတ်အစားမျိုးကို ဆိုလိုတာပါ။ ပေ့ါပေ့ါပါးပါးနဲ့ မိမိသက်တောင့်သက်သာရှိသလို ဘာကန့်သတ်ချက်မှ မရှိဘဲ လွတ်လွတ်လပ်လပ် ဝတ်လို့ ရပါတယ်။ များသောအားဖြင့် သူငယ်ချင်းတွေနဲ့ hang out လုပ်တဲ့အခါ၊ ဟိုနားဒီနားသွားတဲ့အခါ အပျော်ခရီးသွားတဲ့အခါမျိုးမှာ ဒီလို dress code မျိုး ဝတ်လို့ ရပါတယ်။ ဒီစကားလုံးကို အသံထွက်မယ်ဆိုရင် မှားတတ်လို့ သတိပြုစေချင်ပါတယ်။ သူ့အသံထွက်ကို မြန်မာလို ရေးပေးဖို့ အဆင်မပြေလို့ အသံထွက်အမှန်ကို ဒီ link မှာ နားထောင်ကြည့်လို့ရပါတယ်။
https://www.youtube.com/watch?v=ZORkF6aePgc