အင်္ဂလိပ်စာ သင်ယူနေသူအများစုက Listening Skill ကို အခက်ဆုံးလို့ မြင်ကောင်း မြင်နိုင်ပါတယ်။ ဖြစ်တော့လည်း ဖြစ်နိုင်ပါတယ်။ အခြေခံပညာမှာ နားထောင်ရတဲ့အချိန်က အနည်းဆုံး ဖြစ်နေလို့ပါ။ ဒါကြောင့်မို့လို့ အင်္ဂလိပ်စာ စလေ့လာသူ ကျောင်းသားများက အင်္ဂလိပ်စာနားထောင်ရမယ်ဆို အနည်းငယ် ကြောက်ကြပါတယ်။ listeningဟာ ကိုယ့်ဦးနှောက်ကို ထည့်သွင်းမယ့် အချက်အလက်သဖွယ်လဲ ဖြစ်နေတာမို့ အထူးသတိပြု လေ့ကျင့်သင့်ပါတယ်။ အမှန်တော့ အင်္ဂလိပ် listening skill ကို လေ့ကျင့်ဖို့က မခက်ခဲလှပါဘူး။ ကိုယ့်ဘာသာကိုယ် ဘယ်လိုလေ့ကျင့်လို့ရမလဲ ဆိုတာ ဆက်လက်ဖော်ပြပေးပါ့မယ်။
ပထမဆုံးအနေနဲ့ ကိုယ်ဘာကို နားထောင်သင့်သလဲဆိုတဲ့ ကိုယ့်စိတ်ဝင်စားမှုကို အရင်ဆုံးဆန်းစစ်သင့်ပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ ခေါင်းစဉ်လေး နားထောင်လိုက်ရမယ်ဆိုရင် နားလည်အောင် ကြိုးစားမိနေမှာပါ။ ဒါကြောင့် မိမိ စိတ်အားထက်သန်တဲ့ ခေါင်းစဉ်မျိုးကို စတင်နားထောင်သင့်ပါတယ်။
နားထောင်ဖို့ရာအတွက် ရွေးချယ်မှုတွေအများကြီး ရှိပါတယ်။ listening practice အတွက် BBC 6 miutes English လို သင်ခန်းစာတွေကအစ International news အပါအဝင် အင်္ဂလိပ်သီချင်းတွေအထိ နားထောင်နိုင်ပါတယ်။ တစ်ခုရှိတာက ဦးတည်ချက်ရှိရှိ ရည်ရွယ်ချက်ရှိရှိ နားထောင်ဖို့ပါပဲ။ ကိုယ်က ဒီ audio ကနေ ဘယ် အချက်အလက်ကို နားထောင်မှာလဲဆိုတဲ့ ရည်ရွယ်ချက် ရှိဖို့လဲ လိုပါတယ်။ ရုပ်ရှင်တွေကလဲ listening အလေ့အကျင့်ရနိုင်ပါတယ်။ ရုပ်ရှင်တွေကနေ idioms တွေ၊ ဘယ်လိုအခြေအနေမှာ ဘယ်လိုပုံစံ တုံ့ပြန်ပြောဆိုတာတွေကို အခြေအနေတွေနဲ့ လေ့လာမှတ်သားလို့ ရနိုင်ပါတယ်။ Facebook မှာလည်း listening ကို practice လုပ်ပေးတဲ့ ပြည်တွင်းပြည်ပ အင်္ဂလိပ်စာဆရာတွေရဲ့ page တွေကို follow လုပ်ပြီး နားထောင်နိုင်ပါသေးတယ်။ ဒါမှလည်း စကားပြောနဲ့ ချိတ်ဆက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံခြားဘာသာစကားမို့လို့ တစ်ခုနားမလည်ရင် နောက်လာမယ့်ဟာတွေကို လိုက်မမီတော့တာမျိုး ခဏခဏဖြစ်တက်ပါတယ်။ ဒါဟာမသိလိုက်တဲ့ တစ်လုံးချင်းကို ဘာသာလိုက်ပြန်ပြန်နေရလို့ပါ။ မသိတဲ့စာလုံးကို ခဏကျော်သွားပြီး concept နဲ့ ပြန်ချိတ်ဆက်တဲ့ ပုံစံနဲ့ နားထောင်သင့်ပါတယ်။ မရတဲ့တစ်လုံးကြားတိုင်း pause လုပ်ပြီး အဘိဓာန်ဖွင့်ရှာနေရင်တော့ listening ရဲ့ ရည်ရွယ်ချက် လွဲသွားပါလိမ့်မယ်။ ဒီစကားလုံးက ကိုယ်မသိဘူး။ ဒါပေမယ့်အနောက်ကို ဆက်နားထောင်တဲ့အခါ၊ ရှေ့ကဟာနဲ့ ချိတ်ဆက်လိုက်တဲ့အခါ အနီးစပ်ဆုံး အဖြေတစ်ခုထွက်လာမှာပါ။ သီချင်းနားထောင်ရင်တောင်မှ စာသားဖွင့်ရှာတာမျိုး မလုပ်သေးပဲ အတတ်နိုင်ဆုံး ရအောင်ခန့်မှန်းတာမျိုးကို လုပ်သင့်ပါတယ်။
ဒါကလဲ အရေးကြီးပါတယ်။ နားသာနားထောင်ပြီး မှတ်သားမှုမရှိရင်လည်း အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့်မို့လို့ သတင်းတစ်ပိုဒ်ကို နားထောင်တယ်၊ ပြီးတာနဲ့ စာရွက်ပေါ်မှာ ပြန်ချရေးတာမျိုး၊ သီချင်းနားထောင်ပြီး ပြန်ချရေး တကယ့် စာသားနဲ့ ပြန်တိုက်စစ်တာမျိုးက အထောက်အကူပြုပါတယ်။ ရုပ်ရှင်တွေ ကြည့်တယ်ဆိုရင်လည်း စာတန်းဖျောက်ပြီး ကြည့်တာမျိုးတွေ၊ ရုပ်ရှင်ကို အသံပဲနားထောင်ပြီး ဘယ်လိုဇာတ်ဝင်ခန်းလဲ ခန့်မှန်းတာမျိုးတွေက ကိုယ့်ဘာသာကိုယ် လေ့ကျင့်ယူလို့ရတဲ့ listening အလေ့အကျင့်မျိုးပဲ ဖြစ်ပါတယ်။
ဒါကတော့ speaking နဲ့ listening ကို ဘယ်လိုချိတ်ဆက်လေ့လာရမယ်ဆိုတာကို တင်ပြထားခြင်း ဖြစ်ပါတယ်။
Waiyan Htut (Only for the SPACE Language Academy)
Ref: www.englishlive.ef.com, www.fluentu.com, www.thoughtco.com