English Reading တိုးတက်အောင် ဘယ်လိုလုပ်မလဲ

English Reading တိုးတက်အောင် ဘယ်လိုလုပ်မလဲ

အင်္ဂလိပ်စာဖတ်ခြင်းက အလေ့အကျင့်မရှိဘဲ ဒီအတိုင်းစဖတ်ရင် ခက်ခဲနိုင်ပါတယ်။  စာဖတ်ရာမှာ ရည်ရွယ်ချက်ရှိရှိ ဖတ်ရပါတယ်။ ကိုယ်ကဒီစာကို အချက်အလက်တချို့သိချင်လို့ ဖတ်မှာလား၊ အကြောင်းအရာတစ်ခုခုကို အသေးစိတ်သိချင်လို့ ဖတ်မှာလား၊ အသုံးအနှုန်းပဲသိချင်လို့ လှန်ကြည့်တာလား ကွဲပြားဖို့ လိုပါတယ်။ English reading က writing နဲ့ speaking skills တွေအတွက် ကုန်ကြမ်းရနိုင်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်တာကြောင့် စာဖတ်တဲ့အကျင့်ကို သေသေချာချာ လေ့ကျင့်သင့်ပါတယ်။ English reading တိုးတက်စေနိုင်တဲ့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

စိတ်ဝင်စားမှု

ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာ တစ်ခုခုကို ဖတ်ရင်မှတ်မိလွယ်ပါတယ်။ ဒီကမှ ကိုယ်သိဖို့ ရည်ရွယ်ထားတဲ့ အကြောင်းအရာကို သိသွားမယ်ဆိုရင် စာဖတ်ရကျိုးနပ်ပါတယ်။ ဒါကြောင့် အလေ့အကျင့်ကို ပျိုးထောင်ရာမှာ ကိုယ်စိတ်ဝင်စားတဲ့ ခေါင်းစဉ်တွေကို အဓိကထား ရှာဖတ်ဖို့ပါပဲ။

အချိန်ပေးမှု

စာဖတ်တာ အချိန်ပေးရပါတယ်။ အထူးသဖြင့် စလေ့လာခါစ သူတွေအတွက် အချိန်ကပိုလိုအပ်ပါတယ်။ ဒါကြောင့် စာဖတ်ဖို့ အချိန်တစ်ခု သတ်မှတ်ပေးထားစေချင်ပါတယ်။ စာဖတ်ဖို့ ပတ်ဝန်းကျင်ကိုလည်း ကိုယ့်စိတ်နဲ့ အဆင်ပြေမယ့် နေရာမျိုးရွေးသင့်ပါတယ်။

ဘယ်လိုဖတ်မလဲ

ဒါ အရမ်းအရေးကြီးပါတယ်။ စာဖတ်ရာမှာတော့ skimming and scanning ဆိုပြီး နှစ်မျိုးရှိပါတယ်။

Skimming ဆိုတာ အသေးစိတ် အတိအကျ မဖတ်ပဲ ဒါဘာကိုဆိုလိုတာလဲ ဆိုပြီး အရေးကြီးတဲ့ အချက်အလက်ကိုပဲ ရွေးပြီး စိတ်ကိုဖွင့်ဖတ်တာမျိုးပါ။ ဒါဟာသတင်းစာ၊ ဂျာနယ်စတဲ့ ဗဟုသုတပိုင်းတွေမှာ များသောအားဖြင့် ဖတ်လေ့ရှိကြပါတယ်။ ဒါလေးနဲ့ စတင် အစပျိုးဖတ်သင့်ပါတယ်။ ပြီးတော့မှ Scanning ဆိုတဲ့နည်းနဲ့ ဖတ်ပါမယ်။ ဒါကတော့ စာပိုဒ်တွေထဲကမှ ကိုယ်လိုချင်တာကို ရှာဖွေဖတ်တဲ့နည်းပါ။ ဒီနည်းနဲ့ဆိုရင် ကိုယ်လိုချင်တဲ့ အချက်အလက် အတိအကျ၊ အကြောင်းအရာနောက်ခံ စတာတွေကို သိနိုင်ပါမယ်။

နောက်တစ်ခုက အကုန်လုံးထဲကမှ မသိတာရှိရင် ခဏကျော်သွားပါ။ ဖတ်နေရင်း မသိတဲ့ စကားလုံးရဲ့ အရှေ့နဲ့ အနောက်ကို ချိတ်ဆက်ပြီး ဘာအဓိပ္ပာယ်ဖြစ်နိုင်တယ် ဆိုတာမျိုးကို စဉ်းစားပေးခြင်းအားဖြင့် စဉ်းစားတွေးခေါ်မှုပါ တက်စေပါတယ်။

စာဖတ်နေစဉ်နဲ့ စာဖတ်အပြီး

စာဖတ်နေစဉ်မှာရော စာဖတ်အပြီးမှာ ကိုယ့်ကိုယ်ကို မေးခွန်းပြန်မေးသင့်ပါတယ်။ ဒီအပိုဒ်က ဘာကိုပြောတာလဲ၊ ဒါက ဒီလိုလား စတဲ့ မေးခွန်းနဲ့ ဦးနှောက်ကို ပြန်နွေးဖို့ပါပဲ။ ဒါမှ ဖတ်မိသမျှ မှတ်မိနေမှာပါ။

Graded Readers

စာဖတ်ဖို့ ဘာသာစကား အခက်အခဲရှိရင် မိမိ English level အလိုက် လွယ်အောင် ရေးပေးထားတဲ့ graded reader စာအုပ်လေးတွေရှိပါတယ်။ graded reader စာအုပ်လေးတွေကို British Council စာကြည့်တိုက်မှာ ငှားဖတ်နိုင်သလို တချို့ စာအုပ်ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ The SPACE Language Academy က ကျောင်းသားများကတော့ ကျောင်းမှာ ငှားလို့ရပါတယ်။ အဲ့ဒီလို စာအုပ်လေးတွေကို ဖတ်ရင်း အခက်အခဲ နည်းနည်းနဲ့ စာဖတ်တဲ့ အလေ့အကျင့်ရလာမှာပါ။

စာဖတ်လို့ အကုန်နားမလည်ဘူးဆိုရင် စိတ်ဓာတ်မကျပါနဲ့။ ကိုယ်ကစာဖတ်အလေ့အကျင့် ပျိုးထောင်နေတာမို့လို့ အချိန်ပေးလေ့ကျင့်ရင် တဖြည်းဖြည်းနဲ့ စာဖတ်မြန်ပြီး ဆိုလိုရင်းတွေကို သေချာသဘောပေါက်လာမှာ အမှန်ပါပဲ။

Waiyan Htut (Only for the SPACE Language Academy)

Ref: www.thoughtco.com, www.fluentu.com

Share on Social Media