ဖက်ရှင်လို့ပြောလိုက်ရင် အိတ်တွေကိုလည်း မေ့ထားလို့ မရပါဘူး။ အမျိုးသားရော် အမျိုးသမီးရော်သုံးတဲ့ အိတ်လေးတွေကို ဖော်ပြပေးထားပါတယ်။ အသုံးဝင်လိမ့်မယ်ထင်ပါတယ်။
(၁) Shoulder bag = ပခုံးလွယ်တဲ့ ကြိုးရှည်ပါတဲ့ အိတ်မျိုးကို shoulder bag လို့ ခေါ်ပါတယ်။
(၂) Hand bag = လက်နဲ့ကိုင်ရုံ ကြိုးအရှည်ရှိတဲ့ အိတ်ကို Hand bag လို့ ခေါ်ပါတယ်။
(၃) Briefcase = စာရွက်စာတမ်းထည့်ရုံ ရုံးတက်သည့် လက်ကိုင်အိတ်ပြား ကို briefcase လို့ ခေါ်ပါတယ်။
(၄) Duffel bag = ပခုံးလွယ်တဲ့ ကြိုးရှည်ပါတဲ့အပြင် tube လိုမျိုး ဆလင်ဒါပုံ အိတ်မျိုးကို duffel bag လို့ခေါ်ပါတယ်။ gym သွားရင်၊ အားကစားလုပ်ရင် သယ်လေ့ရှိတဲ့ အိတ်မျိုးမို့ gym bag လို့လည်း ခေါ်ကြပါတယ်။
(၅) Drawstring bag = ရှုံ့ကြိုးနဲ့ အဖွင့်အပိတ် ပြုလုပ်ရသည့် အိတ်ကို drawstring bag လို့ ခေါ်ပါတယ်။
(၆) Bumbag = ခါးမှာပတ်ရတဲ့ အိတ်မျိုးကို bumbag လို့ ခေါ်ပါတယ်။