Air Travel 3

ဒီနေ့တော့ လေယာဉ်ပေါ်မှာ ခေါ်ဝေါ်သုံးစွဲလေ့ရှိတဲ့ စကားလုံးများကို မျှဝေပေးချင်ပါတယ်။

(1) Flight attendantလေယာဉ်ပေါ်မှာ ခရီးသည်များကို ဝန်ဆောင်မှုပေးတဲ့ လေယာဉ်မောင်၊ လေယာဉ်မယ် များကို flight attendant လို့ ခေါ်ပါတယ်။ Air hostess ဆိုတဲ့ အခေါ်ကတော့ လေယာဉ်မယ်များကိုသာကိုယ်စားပြုပြီး အခုခေတ်မှာ သိပ်မသုံးတော့တာမို့ ရှေးကျတဲ့အင်္ဂလိပ်အသုံး လို့ ပြောလို့ ရပါတယ်။

(2) Meal trolleyFlight attendant များမှ လေယာဉ်ပေါ်မှာ အစားအစာနှင့် အသုံးအဆောင်များ၊ လက်ဆောင်ပစ္စည်းများ လိုက်လံ ရောင်းချသည့်အခါ အသုံးပြုသည့် တွန်းလှည်းကို Meal trolley လို့ ခေါ်ပါတယ်။ Catering trolley လို့လည်း ခေါ်လို့ ရပါတယ်။

(3) Lavatoryလေယာဉ်ပေါ်မှာ အိမ်သာကို toilet လို့ ရေးလေ့မရှိဘဲ Lavatory လို့ပဲ သုံးလေ့ရှိပါတယ်။

(4) Life vestလေယာဉ်ပေါ်မှာ အရေးပေါ် အသက်ကယ်အင်္ကျီကို life vest (Aviation life jacket) လို့ပဲ ခေါ်ပါတယ်။ life vest တွေက များသောအားဖြင့် ခရီးသည် ထိုင်ခုံအောက်မှာ ထားလေ့ ရှိပါတယ်။ လေယာဉ်ပေါ်ရောက်ပြီး လေယာဉ် ထွက်ပြီဆိုရင် အရေးပေါ် ကိစ္စများအတွက် အသက်ကယ်လုပ်ငန်းစဉ်များနှင့် life vest ဝတ်ဆင်အသုံးပြုပုံများကို flight attendant များက သရုပ်ပြပေးပါတယ်။

Share on Social Media