အင်္ဂလိပ်ကျပန်းစကားပြောပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင်များအား ဖိတ်ခေါ်ခြင်း

အင်္ဂလိပ်ကျပန်းစကားပြောပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင်များအား ဖိတ်ခေါ်ခြင်း

” အင်္ဂလိပ်ကျပန်းစကားပြောပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင်များအား ဖိတ်ခေါ်ခြင်း “
️ သင့်ရဲ့ အင်္ဂလိပ်ဘာသာစကားပြောစွမ်းရည်ကို ပြသဖို့ အချိန်ရောက်ပါပြီ..
လူငယ်များအနေနဲ့ အင်္ဂလိပ်ဘာသာစကားကို အသုံးပြု၍ လူအများရှေ့တွင် ရဲရဲဝံ့ဝံ့ စကားပြောဆိုနိုင်အောင် လေ့ကျင့်ပျိုးထောင်ပေးရန် ရည်ရွယ်ပြီး အင်္ဂလိပ် ကျပန်းစကားပြောပြိုင်ပွဲ (Impromptu Talk Competition) ကို ကျင်းပသွားမည်ဖြစ်ပါသည်။
====================
(၁) ပေးအပ်ချီးမြှင့်မည့် ဆုများ
ပထမဆု – ငွေကျပ် (၁၅) သိန်း
ဒုတိယဆု – ငွေကျပ် (၁၀) သိန်း
တတိယဆု – ငွေကျပ် (၅) သိန်း
ထို့အပြင် ရမှတ်အများဆုံး (၅) ဦး ကိုIH Yangon-Mandalay တွင် မည်သည့်အတန်းမဆို သင်တန်းကြေး ၅၀% သက်သာခွင့် ရရှိသည့်✨ Gold Card ကို ချီးမြှင့်မည်ဖြစ်သည်။
Shortlist အားလုံး ကို IH Yangon-Mandalay တွင် သင်တန်းကြေး ၃၀% သက်သာခွင့် ရရှိသည့်✨ Silver Card ကို ချီးမြှင့်မည်ဖြစ်ပါသည်။
====================
(၂) ပြိုင်ပွဲဝင်ခွင့်ရှိသူများ
– ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်ရမည်။
– 14th Aug 2025 တွင် အသက် (၁၆) နှစ်အထက်၊ (၂၅) နှစ် မပြည့်သူ ဖြစ်ရမည်။
– IH Yangon-Mandalay တွင် Placement Test ဖြေပြီး Upper-intermediate level နှင့် အထက် ရရှိသူ ဖြစ်ရမည်။ ယခင် (၆) လ မတိုင်ခင် placement test ဖြေပြီး Upper-intermediate ရရှိပြီးသူများ (သို့မဟုတ်) IH Yangon-Mandalay တွင် လက်ရှိ Upper-intermediate တက်ရောက်နေသူများလည်း ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
====================
(၃) Proficiency Test 
Placement Test:
Placement Test (Writing) – IH Yangon-Mandalay ၏ ရေးဖြေ placement test ကို 6-July-2025 ရက်နေ့အတွင်း နောက်ဆုံးဖြေဆိုရမည်ဖြစ်ပြီး နှုတ်ဖြေ placement test (speaking) ကို 8-July-2025 ရက်နေ့အတွင်း နောက်ဆုံးဖြေဆိုပြီး ဖြစ်ရမည်။ [ Placement test ဖြေဆိုရန် >> https://bit.ly/ihplacementtest ]
Application Form:
Placement test များဖြေဆိုပြီးပါက Application Form ကို 8-July-2025 ရက်နေ့တွင် နောက်ဆုံးထား တင်သွင်းရမည်။ [ Form တင်ရန် >> https://bit.ly/impromptutalk25 ]
Zoom Interview:
လူတွေ့ မေးမြန်းခြင်းကို 17-July-2025  ရက်နေ့တွင် Zoom မှတဆင့် မေးမြန်းခြင်းပြုလုပ်မည်။
Result Announcement Date: [ Shortlist သို့ ရွေးချယ်ခံရသူများအား 20-July-2025 ရက်နေ့တွင် Email ဖြင့် အသိပေးမည်ဖြစ်သည်။ ]
====================
(၄) Preliminary Competition ️  
Proficiency Test မှ ရွေးချယ်ခံရသူများသည် Preliminary Round တွင် ဆက်လက်ယှဉ်ပြိုင်ရမည်။
ခေါင်းစဉ်တစ်ခုအပေါ် (၂) မိနစ် စကားပြောရန် လိုအပ်သည်။
Date: 27-July-2025 ( Sunday )
Time: 10:00 AM – 12:00 Noon
Venue: IH Yangon-Mandalay (Lanmadaw Campus)
No ( 16 ) , Lan Thit Avenue, Phone Gyi Street, Lanmadaw Tsp, Ygn.
Result Announcement Date: [ Finalist သို့ ရွေးချယ်ခံရသူများအား 1-Aug-2025 ရက်နေ့တွင် Email ဖြင့် အသိပေးမည်ဖြစ်သည်။ ]
====================
(၅) Public Speaking Training
Final Round ဝင်အဖြစ် ရွေးချယ်ခံရသည့် (10) ဦး သည် Public Speaking Training တက်ရောက်ရမည်။
Date: 16-Aug-2025 ( Sat )
Time: 10:00 AM – 5:30 PM
Venue: IH Yangon-Mandalay (Lanmadaw Campus)
No ( 16 ) , Lan Thit Avenue, Phone Gyi Street, Lanmadaw Tsp, Ygn.
‍ Trainers:
Daw May Tharaphi Win (Academic Director, IH Yangon-Mandalay)
Daw Nai Yi Htoon (TDR Director, IH Yangon-Mandalay)
Mr. Matthew Parks (Teacher Trainer)
====================

(၆) Impromptu Talk Final Competition

Finalist (10) ဦး သည် စင်ပေါ်တွင် (2) မိနစ် အတွင်း ခေါင်းစဉ်အပေါ် စကားပြောရန် လိုအပ်ပါသည်။
Date: 17-Aug-2025 (Sunday)
Time: 2:00 PM – 4:00 PM
Venue: ()
No.341, Pyay Road, Sanchaung Township, Yangon.
====================
အသေးစိတ် သိရှိလိုပါက
ဆက်သွယ်ရန် – 09 40 870 2244 ( Marketing Dept )