Idioms တွေဟာ စကားပြောမှာ စာကြောင်း အရှည်ကြီးတွေ အသုံးပြုစရာ မလိုဘဲ၊ တိုတိုနဲ့ လိုရင်းရောက်တာမို့ အသုံးပြုကြခြင်း ဖြစ်ပါတယ်။ Idioms အရေအတွက်တွေကလည်း များပြားလှတာမို့ သူ့နေရာနဲ့သူ ယဉ်ကျေးတဲ့ နည်းလမ်းနဲ့ အသုံးပြုတတ်ဖို့လည်း လိုအပ်ပါတယ်။ ဒီတခါမှာတော့ လုပ်ငန်းခွင်မှာ အသုံးဝင်မယ့်၊ အသုံးများတဲ့ Idioms အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
“ကာယလုပ်သား”ဆိုတဲ့ စကားလုံးကို လုပ်ငန်းခွင်မှာဆိုရင် ဒီစာလုံးလေးနဲ့ အသုံးပြုနိုင်ပါတယ်။
ဥပမာ – Kyaw Kyaw is working as a blue collar worker at a construction.
ကျော်ကျော်က ဆောက်လုပ်ရေးတစ်ခုမှာ ကာယလုပ်သား အနေနဲ့ လုပ်ကိုင်နေတယ်။
ကာယလုပ်သားရဲ့ ဆန့်ကျင်ဘက် ရုံးတွင်းမှာ လုပ်ကိုင်နေတဲ့ သူတွေကိုလည်း ဒီလိုမျိုး အဆင့်မြင့်မြင့် သုံးနိုင်ပါသေးတယ်။
ဥပမာ – Su became a white collar worker because she tried hard in her academic years.
စုက ကျောင်းတုန်းက စာကြိုးစားခဲ့တာမို့ ရုံးပိုင်းအရာရှိတစ်ဦး ဖြစ်လာခဲ့ပါတယ်။
တစ်ခုခုရဖို့ အပြင်းအထန်ကြိုးစားတာကို try hard လို့ သုံးတာထက် ဒီလိုလေးသုံးတာက ပိုလှပါတယ်။
ဥပမာ – They are pulling out all the stops to make more profit.
သူတို့က အမြတ်စွန်းပိုရလာဖို့ အလုပ်ကို ကုန်းရုန်းလုပ်ကိုင်နေကြတယ်။
ရှေ့ဆက် ရာထူးတိုးဖို့လဲမရှိ၊ ပညာထပ်ရဖို့လဲ မရှိတဲ့အလုပ်မျိုးကို ခေါ်ပါတယ်။
ဥပမာ – Youth should not choose dead-end job after graduating from colleges.
လူငယ်တွေဟာ တက္ကသိုလ်ပြီးရင် တက်လမ်းမရှိတဲ့ အလုပ်တွေကို မရွေးချယ်သင့်ဘူး။
တခုခုကို လုပ်နေရလို့ အလုပ်ပိတယ် ဆိုတဲ့ စကားအသုံးအနှုန်းလေး ဖြစ်ပါတယ်။
ဥပမာ – During these day, their department is snowed under making contract.
ဒီရက်ပိုင်း သူတို့ဌာနက စာချုပ်ချုပ်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး အလုပ်ပိနေကြတယ်။
တဖက်ကုမ္ပဏီက လူကောင်းတွေကို လစာမြင့်မြင့်နဲ့ လာလုပ်ဖို့ ကမ်းလှမ်းခြင်းခံရတဲ့အခါ သုံးလို့ရပါတယ်။
ဥပမာ – John was headhunted by a rival company.
ဂျွန်ကို ပြိုင်ဖက်ကုမ္ပဏီတစ်ခုက လစာမြင့်မြင့်နဲ့ လာကမ်းလှမ်းခဲ့တယ်။
Waiyan Htut (Brought to you by the SPACE Language Academy)
ref : McCarthy, M. and O’Dell, F. English Idioms in Use.
https://www.learnenglish.de/vocabulary/jobsidioms.html